November 17, 2020 webmaster No Comments

Asia World Foundation “AWF” donates Essentials and Foodstuffs to Myitar Yaung Chi Youth Welfare and Development Home

အေးရှားဝေါလ်ဖောင်ဒေးရှင်း (AWF) မှ မေတ္တာရောင်ခြည် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် အခြေခံ လူသုံးကုန် နှင့် အစားအစာများ ပေးအပ်လှူဒါန်း

 

အေးရှားဝေါလ်ကုမ္ပဏီ (AWC) မှ ဖွဲ့စည်းတည်ထောင်ထားသော အကျိုးပြုပရဟိတအဖွဲ့အစည်းဖြစ်သည့် အေးရှားဝေါလ် ဖောင်ဒေးရှင်း (AWF) မှ “ပြည်သူ့ဘဝဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဖြည့်ဆည်းပေး” ဟူသော အဖွဲ့အစည်း၏ သံဓိဌာန်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ လက်ယက်စမ်းကျေးရွာအုပ်စု၊ ကျောက်တန်းလမ်းရှိ မေတ္တာရောင်ခြည် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် အခြေခံ လူသုံးကုန် နှင့် အစားအစာများအား ယနေ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ပါသည်။

အဆိုပါ လှူဒါန်းမှုတွင်  မေတ္တာရောင်ခြည် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၃၂) ဦးစာအတွက်

  • COVID-19ကာကွယ်‌ရေးအတွက် အထောက်အကူပစ္စည်းများ
  • အခြေခံလူသုံးကုန်ပစ္စည်းများ နှင့်
  • အာဟာရပြည့်ဝသော အစားအစာများအား အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ မေတ္တာဖြင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

အေးရှားဝေါလ် ဖောင်ဒေးရှင်း  အနေဖြင့် မြန်မာ့လူနေမှုအဖွဲ့အစည်းအတွက် ယခုကဲ့သို့ တဖက်တလမ်းမှ ပံ့ပိုးခွင့်ရရှိခြင်းအား ဝမ်းမြောက်ပီတိဖြစ်မိပါသည်။ လာမည့်အနာဂတ် ကာလတွင်လည်း မြန်မာနိုင်ငံသားများအတွက် ကောင်းမွန်ပြည့်စုံသော လူနေမှုဘဝရရှိရေးနှင့် ပညာရေး၊ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများတွင် ဆက်လက် ပါဝင်ပံ့ပိုးသွားရန် သံဓိဌာန်ချမှတ်ထားပါသည်။

အေးရှားဝေါလ်ဖောင်ဒေးရှင်းသည် လိုအပ်သည့်နေရာများကို တဖက်တလမ်းမှ အစဉ်တစိုက်ကူညီရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူ၍ လက်ရှိ ကပ်ဘေးကာလတွင်လည်း လိုအပ်သောအကျိုးပြုပံ့ပိုးကူညီမှုများကို ဆက်လက်လုပ်ဆောင်သွားမည်။

 

Asia World Foundation “AWF” donates Essentials and Foodstuffs to Myitar Yaung Chi Youth Welfare and Development Home

In line with our commitment to the sustainable vision, the Asia World Foundation “AWF,” the philanthropic arm of Asia World Group of Companies “AWC,” donated Essentials and Foodstuffs to Myitar Yaung Chi Youth Welfare and Development Home located at Kyauk Tan Road, Latyatsan Village Group, Thanlyin Township, Yangon Region, today, on 17 November 2020.

The donations for 132 children included

  • COVID-19 related kits
  • Essentials and Foodstuffs

Asia World Foundation “AWF” is hugely grateful to support the prosperity of Myanmar’s community. 

Following our strong commitment, AWF will always remain committed to developing the people of Myanmar’s well-being and support the areas, including education, disaster relief, healthcare, and community development. 

AWF is delighted to extend one hand to the community and will not stop contributing where possible during the pandemic period.

 

Leave a Reply