December 20, 2018 webmaster No Comments

Voices And Opinions Of Locals Over The Road Project

UEHRD ၏ လမ်းညွှန်ချက်နှင့်အညီ အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ ဖောက်လုပ်လှူဒါန်းလျက်ရှိသော အငူမော် – မောင်တောလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ ပွင့်လင်းရာသီတွင် ပြန်လည်စတင်ဆောင်ရွက်နေ ပြီဖြစ်ပြီး ဒေသခံများ၏ စီမံကိန်းအပေါ် ခံယူချက်အတွေးအမြင်အချို့ကို တင်ပြလိုက်ရပါတယ်။

Under the directive of UEHRD, Asia World Foundation (AWF) has resumed its Angumaw – Maungtaw road development project starting from 2018 open season.Under the directive of UEHRD, Asia World Foundation (AWF) has resumed its Angumaw – Maungtaw road development project starting from 2018 open season.

Click through to know the voices and opinions of locals over the road project.

ဒေါ်သိန်းသိန်းယု
အလယ်တန်းပြဆရာမ ၊ အင်းဒင်ကျေးရွ

ကျွန်မ ဒီရွာကို တာဝန်စကျတုန်းက လမ်းပန်းဆက်သွယ်ရေးက တအားခက်ခဲတာ။ စစ်တွေကလာရင် အငူမော်မှာ တစ်ည အိပ်ရတယ်။ မနက်မိုးလင်းမှ ဒီအင်းဒင်ကို ရောက်တာ။ အခုဆို အင်းဒင် နဲ့ အငူမော်ကို ၄၅ မိနစ်စာပဲ ရှိတာ။ သွားရလာရ တကယ်အဆင်ပြေတယ်။

When I started to serve here, the transportation was very difficult. When we came from Sittwe to Inn Din, we had to sleep one night at Angumaw and we can arrive Inn Din only in the morning. But now it takes only 45 minutes from Angumaw to Inn Din.

ဦးမြင့်ရွှေ
စီးပွားရေးလုပ်ငန်းရှင်

ဒီလမ်းသာ လုံးလုံးပြီးသွားရင် ၇၀% နဲ့ ၈၀% တော့ ဒီလမ်းပဲ အားကိုးပြီးသွားမယ်လို့တော့ ကျွန်တော်မြင်မိတယ်။

When the road is completed, I think 70% to 80% of goods will be moving from this road.

ဦးအောင်ကျော်ဇံ
လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး

အေးရှားဝေါလ်ဖောင်ဒေးရှင်းရဲ့ ဒီလမ်းကြီး လာရောက်အဆင့်မြင့်တင်ဖောက်လုပ်လှူဒါန်းမှုကို ကြိုဆိုတယ်လို့ပဲ ပြောရမှာပေါ့။ UEHRD ဆိုတဲ့စီမံကိန်းကြီးကို နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်တွေ၊ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

I would like to say that we welcome the assistance. UEHRD project was led by government, especially the State Counsellor.

ဦးမောင်ပု
အုပ်ချုပ်ရေးမှူး၊ ကျောက်ပန္ဒူကျေးရွာ

အခု ဒီလမ်းပြီးမြောက်သွားတဲ့အခါ မောင်တော နဲ့ ကျောက်ပန္ဒူဆိုရင် တစ်နာရီပဲရှိတော့တယ်ဗျ။ အငူမော်လည်း အဲဒီလိုဖြစ်သွားတော့ ဒီလမ်းဖြစ်မြောက်ရေးအတွက် ကျွန်တော်က တအားဝမ်းသာပါတယ်။ ဒီလိုဟာမျိုး ကျွန်တော်တို့ဘဝမှာ တစ်ခါမှလည်း ရင်ထဲမှာ မရှိခဲ့ပါဘူး။ အေးရှားဝေါလ်ကုမ္ပဏီက လာပြီးတော့ ဒီလိုလမ်းတွေဖောက်ပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

Now, this road is being constructed and it only takes one hour between Maungtaw and Kyauk Pandu and the same for Angumaw. So, I am very pleased it happened to us. I have never thought about it in my life. Now, Asia World Company came to build a road for us and I am very thankful about it.

လမ်းအသုံးပြုသူဒေသခံတစ်ဦး

ဒီလမ်းပြီးရင် ခရီးသည်တွေ ပိုအဆင်ပြေပါတယ်။ ကားခတွေ လျှော့ချဖို့ အစီအစဉ်လည်း ရှိပါတယ်။ အခု တစ်သောင်းနှုန်းနဲ့ဆိုရင် အဲဒီအချိန်လောက်ဆိုရင် ခုနစ်ထောင်နှုန်းလောက်ပဲကျမှာပါ။

Passengers can travel more smoothly after the completion of this road. We have plans to reduce the bus charges too. It will only cost 7,000 kyats from current cost 10,000 kyats.

ဦးစိုးအောင်
အုပ်ချုပ်ရေးမှူး ၊ မောင်တောခရိုင်

တစ်ရွာနဲ့ တစ်ရွာ သွားရေးလာရေး အင်မတန်လွယ်ကူသွားတာပေါ့နော်။ ကျွန်တော်တို့ဆီမှာ စာသင်ကျောင်းဆိုလည်း ရွာ တိုင်းမရှိနိုင်ဘူး။ စာသင်ကျောင်းရှိတဲ့ရွာကို ကလေးတွေကျောင်းလာတက်မယ်ဆိုလည်း ပညာရေးအနေနဲ့ အင်မတန်မှ ကောင်းမွန်သွားပါမယ်။

As the transportation is easier, education is no more a difficulty for villages without schools as the children can easily go to schools nearby.

Leave a Reply